လှည်းကူးမြို့နယ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ

လှည်းကူး  ဧပြီ  ၁၇  

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် တွင်၁၃၈၅ ခုနှစ် နှစ်သစ်အခါသမယ၌ မြန်မာတို့၏ အထွတ်အမြတ်ထားရာ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ငမိုးရိပ်ဆည်အတွင်းသို့ ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့ (နှစ်ဆန်းတစ်ရက်)နံနက် ၉ နာရီကဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ငမိုးရိပ်ဆည်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဇီဝိတဒါန ငါးလွှတ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နန်းထက်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဌေးအောင်နှင့်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးဝင်းလွင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လေးထောင့်ကန်ငါးမွေးမြူရေးစခန်းမှ တာဝန်ခံနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ငမိုးရိပ်ဆည်အတွင်းသို့ ငါးကြင်းနှင့် ငါးကြီးငါးမျိုးစေ့သားပေါက်ကောင်ရေ (၂၀၀၀)ကို ကုသိုလ်ပြု ဇီဝိတဒါနအဖြစ် ငါးများလွှတ်ပေးကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)