ပုဗ္ဗသီရိ ဧပြီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် နှစ်ဦး ဆွမ်းကပ်လှူပွဲများကို ယနေ့ နံနက်ပိုင်းက ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ၁၃၈၅ ခု မြန်မာနှစ်ဆန်းနှစ်ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား ဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ဆရာတော်သံဃာတော်များ အားပင့်ဖိတ်ကာ အန္တရာယ်ကင်းပရိတ်တရားတော်နာကြားပြီး နှစ်ဦး ဆွမ်းကပ်လှူခြင်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများ ကပ်လှူပူဇော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)