ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အတက်နေ့) ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့)တွင် ရေကစားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်း၊ ရေပက်၊ ရေကစားသူ ပြည်သူများအား စတုဒီသာ ကျွေးမွေးဧည့်ခံခြင်းများဖြင့် မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အမှတ်(၁၂၂)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ပင်းယလမ်းတစ်လျှောက် မြို့နယ်ဗဟိုမဏ္ဍပ်၌ ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။