မုံရွာမြို့အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ (၅)ဦး လွတ်ငြိမ်းခွင့်ရရှိ

 မုံရွာ ဧပြီ ၁၈

၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနှစ်သစ် မင်္ဂလာအခါသမ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား/သူများအား ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အကျဉ်းဦးစီးဌာန၊ မုံရွာ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများမှ အကျဉ်းသား  စုစုပေါင်း () ဦးကို ဧပြီလ ၁၇  ရက်နေ့က လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအား  မုံရွာအကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံး ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းခွင့်အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့ နံနက်(၉)နာရီ (၁၅)မိနစ်အချိန်က အဆိုပါအကျဉ်းထောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ မုံရွာခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ  ရဲမှူးလှမြင့်၊ မုံရွာအကျဉ်းထောင်တာဝန်ခံအရာရှိ  လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမင်းလတ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ ရဲမှူးလှမြင့်၊ မုံရွာအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမင်းလတ်နှင့် တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိသူများအား ဆုံးမစကား အသီးသီး ပြောကြားပြီး‌နောက် ထောင်ထွက်လက်မှတ်များ၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ခရီးစရိတ်ငွေ၊ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အကျဉ်းဦးစီးဌာန၊ မုံရွာအကျဉ်းထောင်၌ ဧပြီလ ၁၇ ရက်နေ့တွင် လွတ်ငြိမ်းခွင့် ရသူ အမျိုးသား (၅) ဦးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန် /ဆက်)