လွိုင်ကော် ဧပြီ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးအတွက် ဆန်၊ဆီ၊ ဆားနှင့် ကုလားပဲများ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်ဘောလခဲခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး၊ ဦးသက်နောင်ဦးနှင့် ဝန်ထမ်းများသည် ဘောလခဲမြို့၊ မင်းကျောင်း တိုက်ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ဆွမ်းဆန်တော် အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများသို့ ဆက် လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)