ခရမ်း ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက၊ ကျီနီ ချောင်ကျေးရွာအုပ်စု၊အိုးဝကျေးရွာဘုန်း တော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းတည့် ၁၂နာရီက၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ မြစိမ်းရောင်ရန်ပုံငွေ (ဆဋ္ဌမ)နှစ်စက်ဝန်း အတွက် ချေးငွေထုတ်ချေးပေးခဲ့ ကြောင်းသိရှိရသည်။
အခမ်းအနားတွင်ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်က ကျေးရွာနေပြည်သူများ လိုအပ်သောအရင်းအနှီးရရှိစေရန်၊ အလုပ် အကိုင်အခွင့် အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတက် စေရန်ရည်ရွယ်၍ထုတ် ချေးပေးခြင်းဖြစ်ကြောင်း၊ အတိုးနှုန်း၊ ပေးဆပ်ရမည့်ကာလသတ်မှတ်ချက်၊ လိုက်နာရမည့်စည်းကမ်းချက်များကိုရှင်းလင်းပြောကြားသည်။
၎င်းနောက်အိုးဝ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်နှင့်အဖွဲ့ဝင်များက လုပ်ငန်း အမျိုး အစားသုံးမျိုးခွဲခြား၍ ချေးငွေ အောင်သူအသင်းသား (၃၄၂)ဦးသို့စုစုပေါင်း ငွေကျပ်သိန်း ၄၈၀ အားမြို့နယ်ကျေးလက်ဝန်ထမ်းများကြီးကြပ်၍ စနစ်တကျနေ့ချင်းပြီးထုတ် ချေးပေးခဲ့ကြောင်းသိရှိသည်။ အိုးဝကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၇-၂၀၁၈ခုနှစ် မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကိုမင်း (ခရမ်း)