ညောင်တုန်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပေစိကျွန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ ကေခိုင်ဦးဆောက်လုပ်ရေးကုမ္ပဏီမှ ကျောင်းမြေ ဧရိယာ(၂)ဧက ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မအူပင်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အဖွင့်အမှာစကား ပြောကြား၍ ကေခိုင်ဦးဆောက်လုပ်ရေးကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာဦးမြင့်လွင်က မြေဧရိယာပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စား ဒုတိယဗိုလ်မှူးကြီးနိုင်လွင်မှ ဂုဏ်ပြုလွှာပေးအပ်ခြင်းနှင့် မြေဧရိယာနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ကုမ္ပဏီမှပညာရေးဌာနထံ လွှဲပြောင်းပေး အပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးလွင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)