ဂွ ဧပြီ ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကင်းရုံး-၁ ယဉ်ကျေးလိမ္မာသင်တန်းရှိ ကျောင်းသား၊ကျောင်းသူများကို ဗိုလ်မှူးကြီးမင်းသန်း (ဥက္ကဋ္ဌ) ဗုဒ္ဓကလျာဏ ယုဝအသင်း (YMBA) ရခိုင်ပြည်နယ်က ပြည်သူ့နီတိ စာအုပ်(၃၀)အား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ လှူဒါန်းခဲ့သည်။
ပြည်သူ့နီတိသည် ဆက်ဆံရမည့်နေရာ၊ ဒေသနှင့်အချိန်အခါများအပေါ်မူတည်၍ ကျင့်သုံးရမည့် လူကျင့်ဝတ်များကိုဖော်ပြထားသည့် စာအုပ်တစ်အုပ်ဖြစ်ပြီး အနာဂတ် ကျောင်းသား၊ ကျောင်းသူ များ အနေဖြင့်လိုက်နာရမည့် ပြည်သူ့နီတီများကိုသိရှိကာလိမ္မာယဥ်ကျေးသည့် သားကောင်း သမီးမွန်များ ဖြစ်လာစေလိုကြောင်း ဗိုလ်မှူးကြီးမင်းသန်း (ဥက္ကဋ္ဌ) ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) ရခိုင်ပြည်နယ်က ပြည်သူ့နီတိစာအုပ်များ လှူဒါန်းရခြင်း အကြောင်းအား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ပြည်သူ့နီတိ စာအုပ်များလှူဒါန်းပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ကျောင်းတာဝန်ခံဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်