မချမ်းဘော့ ဧပြီ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များနှင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်စိတ်ခွန်အားမြှင့်တင်ရေး စာပေဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ စာပေဟောပြောခြင်းအစီအစဥ်တွင် ကချင်ပြည်နယ် စာကြည့်ဆိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ၊ မဲခေါင်စာပေဆုရ၊ အမျိုးသားစာပေဆုရ စာရေးဆရာအကြီးကိုကို(ကသာ)က လူငယ်စိတ်ခွန်အားမြှင့်တင်ရေးခေါင်းစဥ်ဖြင့် စာပေဟောပြောခြင်း၊ အပြန်အလှန်မေးခွန်းများမေးမြန်းခြင်း ဆွေးနွေးခြင်းများဖြင့် ဗဟုသုတဖြစ်ဖွယ် ဟောပြောသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စာရေးဆရာအကြီးကိုကို(ကသာ)အား ဂါရဝလက်ဆောင်များပေးအပ်ပြီးနောက် စာရေးဆရာအကြီးကိုကို(ကသာ)မှ မချမ်းဘော့မြို့နယ် ပြည်သူ့စာကြည့်တိုက်အတွက် ကျပ်(၁၀၂၃၀၀)တန်ဖိုးရှိ သုတရသစာအုပ်စာစောင်(၃၇)အုပ်ကို လှူဒါန်းကာ စာပေဟောပြောပွဲတွင် မေးခွန်းများမေးမြန်းဆွေးနွေးသော လူငယ်များအား စာအုပ်များ အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါစာပေဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာပေဝါသနာပါသူ ပြည်သူများနှင့်လူငယ်များ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)