အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန်  ဧပြီ 

အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များထိရောက်စွာဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားရှိသောအလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးဆိုင်ရာကော်မတီ (Industrial Relations and Employer Organization Committee -IREO)၏ ပထမအကြိမ်လုပ်ငန်းကော်မတီအစည်းအဝေးကို ဧပြီလ ၆ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌဦးအောင်ကြည်စိုး၊ ဒုတိယဥက္ကဋ္ဌဒေါ်ခိုင်ခိုင်နွယ်၊ အတွင်းရေးမှူးဦးထွန်းထွန်း၊ အဖွဲ့ဝင်များဖြစ်သော ဦးစိုးမင်းအောင်၊ ဒေါက်တာမြတ်သီတာမြင့်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင်အသင်းချုပ်၏ အလုပ်ရှင်အဖွဲ့အစည်း EOD Subscriber များတွင် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ အများစုဖြစ်ပြီး Subscriber များ ယခုထက်မက အရေအတွက်များ တိုးတက်ရရှိရေး၊  မဟာဗျူဟာများချမှတ်ဆောင်ရွက်သွားနိုင်ရေး၊ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးကိစ္စရပ်များ၊ အချိန်ပိုဆောင်ရွက်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် လိုက်နာရမည့်အချက်အလက်များဖော်ပြထားနိုင်ရေး၊ လူမှုဖူလုံရေးခံစားခွင့်များ၊ အလုပ်ရှင်လက်စွဲစာအုပ် ဆက်လက်ထုတ်ဝေနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

အောင်မြင့်(ပြန်/ဆက်)