အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Youth Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်  Youth Club  အဖွဲ့ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းကျင်းပရာ Youth Club အတွင်းရေးမှူး ဒေါ်နန်းအိစံ နှင့်အဖွဲ့ဝင်များက စာရေးဆရာမဖြူနှင်းခင်၏ အဖြူရောင်ကြယ်များသို့ ခေါင်းစဥ်အောက်မှ မိမိတို့၏ အတွေး၊ အမြင်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Community Centre ခန်းမတွင် Talk Show များ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံပြပွဲများနှင့် ပြိုင်ပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ )