စစ်ကိုင်း ဧပြီ- ၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယမန်နေ့က စစ်ကိုင်းမြို့နယ် အုန်းတောတိုက်နယ် ဒေသခံပြည်သူ၊ ရဟန်း ရှင်လူ (၅၄၉))ဦးတို့အား အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ(၁၃၈)ဦး၊ ခွဲစိတ်ရောဂါ(၃၁)ဦး၊ ကလေး ရောဂါ(၂၅)ဦး၊ သားဖွားမီးယပ်ရောဂါ(၂၈)ဦး၊ အရိုးရောဂါ(၁၀၃)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ (၃၂)ဦး၊ မျက်စိရောဂါ(၁၄၂)ဦးနှင့် သွားရောဂါ(၄၅)ဦး၊ အခြားရောဂါ(၅)ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး သာမန်ခွဲစိတ်လူနာ(၃)ဦး၊ မျက်စိခွဲစိတ်လူနာ(၃)ဦးတို့ကို ခွဲစိတ်ကုသ ပေးခြင်းများနှင့် ဓာတ်မှန်ရိုက်လူနာ(၇၂)ဦး၊ Ultrasound စမ်းသပ်လူနာ(၆၃)ဦး၊ ECG စက်ဖြင့်နှလုံး စမ်းသပ်လူနာ(၉၂)ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ(၃၁၈)ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်ဖြင့်လည်း ကောင်း၊ သွားဆေးကုသမှုလူနာများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ရောဂါရှာဖွေကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင် ထိုးနှံရန် လိုအပ်သူ(၁၂၅)ဦးတို့အား ကာကွယ်ဆေးများထိုးနှံပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ (၁)ဦးအား နီးစပ်ရာတပ်မတော်ဆေးရုံသို့တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည် သူများအား စားသောက်ရေးအဆင်ပြေစေရန် တာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူများ က နေ့လည်စာဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အဆိုပါ နယ်လှည့်အထူးကုအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင် ရွက်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများ နှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မဌာနချုပ်မှတာဝန်ရှိသူများ က လိုက်လံ ကြည့်ရှူ့အားပေးပြီး မျက်စိခွဲစိတ် ကုသထားသည့် လူနာများအား မျက်မှန်တပ်ဆင်ပေးပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်