ကျိုင်းတောင်း ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် အိမ်ဆောက်လုပ်ရာတွင် အသုံးပြုလျက်ရှိသည့် ချောင်းသဲများကို ဒေသခံပြည်သူများက မိမိတို့အိမ်ဆောက်လုပ်ရန်အတွက် သဲသောင်ပြင်ဖြစ်ထွန်းရာနေရာများသို့သွားရောက်၍ ချောင်းသဲများ သယ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ သဲသောင်ပြင်သည် ဒေသခံပြည်သူများအတွက် အရေးပါအရာရောက်သည့် နေရာတစ်ခုဖြစ်ပြီး နွေရာသီရောက်ရှိလာသည်နှင့် ဒေသခံပြည်သူများက မိမိတို့လိုအပ်သလို ချောင်းသဲများကို သယ်ယူလျက်ရှိပြီး တစ်ပိုင်တစ်နိုင်ထော်လာဂျီစက်ငယ်လေးများဖြင့် စီးပွားရေးလုပ်ကိုင်ကြသည့် ပြည်သူများကလည်း ချောင်းသဲများသယ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)