ဒဂုံအရှေ့ ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေအခက်အခဲမဖြစ်ပေါ်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ စီစဉ်မှုဖြင့် သောက်သုံးရေများ သွားရောက်လှုဒါန်းခြင်းကို အမှတ်(၈)ရပ်ကွက်ကံ့ကော်လမ်း၊ ဗေဒါလမ်းနှင့် အမှတ်(၇)ရပ်ကွက်မင်းတပ်လမ်းတို့တွင် ယမန်နေ့ညနေပိုင်းက သွားရောက်လှုဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ ရပ်ကွက်နေပြည်သူများထံ သောက်သုံးရေများ သွားရောက်လှုဒါန်းပေးရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးမျိုးမြင့်အောင်၏ ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူးဦးနိုင်ဝေထိုက်နှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပါဝင်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဒေါင်ဖန်းရေသယ်ယာဉ်ဖြင့် ရေဂါလံ(၃၂၀၀) ဂါလံအား ဖြန့်ဝေလှုဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)