ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ် Community Centre ခန်းမ၌ အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ

ဒဂုံဆိပ်ကမ်း  ဧပြီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လူထုအခြေပြုဗဟိုဋ္ဌာန (Community Centre)ခန်းမ၌ အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အန္တရာယ်အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမဥ္ဇူကပြောကြားရာတွင် ကြိုတင်ကာကွယ်ရမည့်အပူဒဏ်အန္တရာယ်၊ လိုက်နာဆောင်ရွက်ရမည့်အချက်များတွင် အရိပ်ရ၍အေးမြသောနေရာတွင်နေထိုင်ရန်၊ နေ့ခင်း၊ နေ့လယ်အပြင်သွားပါက ထီး၊ ဦးထုတ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ဆင်ပါ၊ ရေများများသောက်ပါ၊ အပူဒဏ်ကာကွယ်နိုင်ရေးအတွက်ဆောင်ရန်၊ ရှောင်ရန်များ၊ သတိပြုလိုက်နာရမည့် အပူဒဏ်အန္တရာယ်များ၊ နေပူထဲထွက်ပါက အပူဒဏ်ကာကွယ်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကျန်းမာရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကိုဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်စန္ဒာက သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအား အပူဒဏ်ကာကွယ်ရေးအတွက် ဆောင်ရွက်သင့်သည်များ၊ အရေးပေါ်ရှေးဦးပြုစုခြင်းနည်းလမ်းများနှင့် အပူဒဏ်နဲ့ခရမ်းလွန် ရောင်ခြည်ကျရောက်ခြင်းကို ခံစားရပါက ကာကွယ်နေထိုင်ရမည့် နည်းစနစ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတများရရှိစေရန်အတွက် Talk Show အစီအစဥ်များကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ