ဖျာပုံ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်(၄)မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(ဧပြီလမှမတ်လအထိ) အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ( ၄)နာရီအချိန်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်လင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်အပေါ် (ဧပြီလမှမတ်လ) ဒေသန္တရစီမံကိန်းဥပဒေတွင်ပါဝင်သည့်စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)နှင့် ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ်ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကိုအောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် အမျိုးသားမျော်မှန်းချက်ဖြစ်တဲ့တိုင်းပြည်သာယာဝပြောရေး၊ စားရိက္ခာဖူလုံရေးတို့အတွက်တစ်ဖက်တစ်လမ်းမှဆောင်ရွက်ရင်း မိမိခရိုင်လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ ခရိုင်အတွင်းစပါးအထွက်နှုန်းတိုးတက်ပြီး၊ ဆီဖူလုံမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးဝိုင်းဝန်းကူညီကြစေလိုကြောင်း၊ တိုင်းဒေသကြီးရဲ့ရည်မှန်းချက် (Driving Plan)ပါ ပေးထားချက်များရရှိရေးကိုလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက်ဖျာပုံခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဝင်ဌာနဆိုင်ရာများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဝင်(၄)မြို့ နယ်မှစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများအား စီမံကိန်းတာဝန်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)