ဟင်္သာတ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရုံး အစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ စီမံကိန်းတာဝန်ပေးအပ်မှုကိစ္စရပ်များအား ဘဏ္ဍာနှစ်အတွင်း ပြည့်မီအောင် ဆောင်ရွက်စေနိုင်ရေး၊ ဌာနများအလ်ိုက် စီမံကိန်းလျာထားချက်များ ပြည့်မီစေရေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်များအား လယ်ယာကဏ္ဍအတွက် စီမံကိန်းလုပ်ငန်းများ ကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနသို့လည်းကောင်း၊ ဆောက်လုပ်ရေးကဏ္ဍအတွက် စီမံကိန်းလုပ်ငန်း များအား ခရိုင်လမ်းဦးစီးဌာနသို့လည်းကောင်း၊ မြို့နယ်အဆင့်စီမံကိန်းလုပ်ငန်းများအား ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံသို့ လည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ စီမံကိန်းလုပ်ငန်းတာဝန်ယူဆောင်ရွက်ရသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)