ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာ့ရိုးရာ သင်္ကြန်နှင့်ပတ်သက်သည့် အသိပညာပေး Talk Show ကျင်းပ

ဇမ္ဗူသီရိ ဧပြီ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက "မြန်မာ့ရိုးရာသင်္ကြန်နှင့်ပတ်သက်သည့် အသိပညာပေး" Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် စာရေးဆရာခိုင်မင်း(နေပြည်တော်)တို့က သင်္ကြန်ဟုခေါ်ဆိုရသည့်အကြောင်းအရင်း၊ မြန်မာတို့၏ဆယ့်နှစ်လရာသီတွင် တစ်ခုအပါအဝင်ဖြစ်သော တန်ခူး လသည် သင်္ကြန်ပွဲတော်ဖြစ်၍ မြန်မာ့ရိုးရာပွဲတော်လည်းဖြစ်ရာ သင်္ကြန်ဆိုသော အဓိပ္ပါယ်သည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းခြင်းဖြစ်ကြောင်းနှင့် မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ပြုလုပ်ကြသည့် ကုသိုလ်ကောင်းမှုအကြောင်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိ ပညာဗဟုသုတ ရရှိစေရန် အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဥ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာယခု Talk Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)