ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းပြီးမြောက်

ညောင်ဦး  ဧပြီ  ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တုရင်တောင်တန်းပေါ်တွင်တည်ရှိသည့် တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း ယမန်နေ့နံနက်ပိုင်းက ပြီးမြောက်ပြီးစီးကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။

တုရင်တောင်‌၊ တောင်တန်းပေါ်ရှိ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး  ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးမြောက်ခြင်း ကြည့်ရှုစစ်ဆေးခြင်းအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက် ကြည့်ရှုစစ်ဆေးပူဇော်ခဲ့ကြကြောင်း သိရသည်။

တုရင်တောင်စွယ်တော်မြတ်စေတီသည် ပုဂံ-ညောင်ဦးမြို့မှ အရှေ့တောင်ဘက် ၆ မိုင်ခန့်ကွာဝေးပြီး ကျောက်ပန်းတောင်-ညောင်ဦးသွားကားလမ်းမကြီး၏ တောင်ဘက်နှစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး၊ အရှေ့တောင်ဘက် သက်စိုးတောင်နှင့်တဆက်တစပ် တည်းတည်ရှိပါတယ်။ အနော် ရထာမင်းကြီးသည် စွယ်တော်ပွားကိုတင်ပြီး အဓိဌာန်ဖြင့် ဆင်ဖြူတော်ပေါ်တင်စေလွှတ်ရာ ဆင်ဖြူတော်ရတနာဝပ်သည့်နေရာတွင် ခရစ်သက္ကရာဇ် ၄၂၁ ခုနှစ်တွင် တည်ထားခဲ့ကြောင်း သိရပါတယ်၊ တုရင်တောင်နှင့်ကပ်လျှက် ကျန်စစ်သားမင်းကြီးတူးဖော်ခဲ့သော မြကန်တည်ရှိပြီး တုရင်တောင်တန်းနှင့်အရှေ့တောင်ဘက်တွင် ယှဉ်လျက်ရှိသော သက်စိုးတောင်တည်ရှိပါတယ်၊ အနော်ရထာမင်းကြီးသည် တုရင်တောင်စွယ်တော်စေတီကို အောက်ခြေတော်ရှစ်မြှောင့်ခံ၍ လောကနန္ဒာစေတီကဲ့သို့ပင် ခေါင်းလောင်းပုံတည်ခဲ့ပါတယ်ရှင်၊ စေတီအောက်ခြေတွင်  ဆင် ၃၂ ကောင်ခံပြီးတည်ထားခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရသိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ရွှေသင်္ကန်း ကပ်လုပ်ငန်းများဆောင်ရွက်လုပ်ကိုင်ရာ တွင်  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ ကော်ပတ်စားသန့်ရှင်းရေးလုပ်ကိုင်ခြင်း၊ ရေဆေးခြင်း၊ အောက်ခံ သစ္စေးသုတ်ခြင်း၊ သစ္စေး အခြောက်ခံလုပ်ငန်းပြီးစီးချိန် လုပ်ငန်းခေတ္တခဏနားထားခြင်း နှင့်လုံးတော်ပြည့်သားရိုးဆွဲခြင်း၊ သားရိုးခြောက်ရန်လုပ်ငန်းခေတ္တနားထားရပြီး၊ သားရိုး ကော်ပတ်စားခြင်း၊ရေဆေးခြင်း၊ ရေ အခြောက်ခံခြင်း၊ ဒုတိယအကြိမ် သစ္စေးသုတ်ခြင်း၊ သစ္စေးခြောက်ရန် ခေတ္တနားခြင်း၊ ကော်ပတ်စားခြင်း၊ တတိယအကြိမ် ရွှေခံရေ သစ္စေးသုတ်ခြင်း၊ သစ္စေးခြောက်ရန်လုပ်ငန်းခေတ္တနားခြင်းနှင့် ရွှေသင်္ကန်းအပြီးသတ်ကပ် လှူပူဇော်ခြင်း လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပြီဖြစ်ရာ မြန်မာပြည် အရပ်ရပ်မှလှူဒါန်းပူဇော်ပါဝင်လှူဒါန်းခဲ့ကြကြောင်း ရွှေသင်္ကန်းကပ်လှူခဲ့ သည့် ရွှေဆိုင်း (၁၄၄၀၉)ပြား ကပ်လှူပူဇော်ခဲ့ပြီး၊ ၉ လက်မရွှေစင်ပြားတစ်ပြား ၃၂၇၀၀ ကျပ်ဖြင့်ပါဝင်လှူဒါန်း ကပ်လှူခဲ့ကြောင်း၊ သိန်း(၄၇၁၁၇၄၃၀၀)ကျပ်၊ ကျပ်သိန်းလေး ထောင်ခုနှစ်ရာတစ်ဆယ် တစ်သိန်းခုနှစ်သောင်းလေးထောင်သုံးရာ တန်ဘိုးရှိ ရွှေစင်ရွှေ ပြားများကပ်လှူပူဇော်ခဲ့ကြောင်း တုရင်တောင်ဂေါပကအတွင်းရေးမှူးကပြောကြား၍သိရသည်။

ဒီပါလင်း