မာန်အောင် ဧပြီ ၈
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးလျက် ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးဝန်ထမ်းများအား သွားရောက် ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ် စာစောင်များ (အခမဲ့)ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအား အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရေး၊စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ပြီး သုတ၊ ရသ ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးဝန်ထမ်းများအား(အခမဲ့) ငှားရမ်းပေးခဲ့သည်
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် တစ်ပတ်ပြည့်လျှင်စာအုပ် စာစောင် အသစ်ဖြင့် အပတ်စဥ် လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)