မြစ်သားမြို့နယ်တွင် mobile library စနစ်ဖြင့် စာဖတ်ပရိသတ်များလက်ဝယ်အရောက် စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေး

မြစ်သား        ဧပြီ      ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့်စာအုပ်စာစောင် များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၁)နာရီခွဲက မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှိဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။   

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့  လာရောက်ငှားရမ်းရန်အခက်အခဲရှိနေသည့်  စာဖတ်ပရိသတ်များအတွက်  စာပေဖတ်ရှုမှုအဆင်ပြေစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ကာ သုတ/ရသစာအုပ်များကို ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့်စာဖတ်ပရိသတ်များ  လက်ဝယ်အရောက်  လစဥ်ငှားရမ်းပေးခဲ့ရာ  ယခင်ငှားရမ်းပေးခဲ့သော စာအုပ်များအားပြန်လည်သိမ်းဆည်းပြီး ယခုလရောက်ရှိသော စာအုပ် စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)