သန်လျင်မြို့နယ် ကရင်ဆိပ်-ချောင်းစောက်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

သန်လျင် ဧပြီ ၈

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကရင်ဆိပ်-ချောင်းစောက်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီတွင် အဆိုပါလမ်းသစ်မုခ်ဦး၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသက်ဇော်က ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းဖောက်လုပ်ခဲ့မှုများအား ရှင်းလင်းပြောကြားသည်။ ထို့နောက်ဒေသခံပြည်သူများကိုယ်စား ကရင်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက်မင်္ဂလာအချိန်တွင် ကရင်ဆိပ်-ချောင်းစောက် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသက်ဇော်၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဝင်းမိုးနိုင်၊ အဖွဲ့ဝင်(၂)ဦးအောင်မြင့်၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုကြသည်။

အဆိုပါ ကရင်ဆိပ်-ချောင်းစောက် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဖောက်လုပ်ပေးမှုကြောင့် ဒေသခံကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများ အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)