ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် သီးနှံစိုက်ပျိုးပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး
Apr 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ ကြပ်ကော်မတီဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ရွှေတောင်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ၂၀၂၂-၂၀၂၃ခုနှစ် သီးနှံများ တစ်သီး၊ နှစ်သီး၊ သုံးသီး စိုက်ပျိုးပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးနှံစိုက်ပျိုးနိုင်မည့်အခြေအနေများအား ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။