ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် သီးနှံစိုက်ပျိုးပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

ရွှေတောင် ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ ကြပ်ကော်မတီဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ရွှေတောင်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ၂၀၂၂-၂၀၂၃ခုနှစ်  သီးနှံများ တစ်သီး၊ နှစ်သီး၊ သုံးသီး စိုက်ပျိုးပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးနှံစိုက်ပျိုးနိုင်မည့်အခြေအနေများအား ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျောက်မြင့်ကျေးရွာအုပ်စု၊ ကျောက်မြင့်ကျေးရွာ၊ ကံသုံးဆင့်ကျေးရွာအုပ်စု၊ ကံသုံးဆင့်ကျေးရွာ၊ တောဟိုင်ကျေးရွာအုပ်စု၊ သခွတ်ကုန်းကျေးရွာ၊ ညောင်စာရေးကျေးရွာအုပ်စု၊ (ဆင်သေ၊ဇီးကျွန်း၊ ညောင်စာရေး၊ ရှားတိုင်း) ကျေးရွာ၊ သရက်တပင်အုပ်စု၊ သရက်တပင်ကျေးရွာ၊ ကွင်းယားကြီးအုပ်စု၊ (ကွင်းယားကြီး၊ ဂွေးတောက်မြောင်၊ ပေါင်းချုပ်) ကျေးရွာ၊ ကွေ့မကျေးရွာအုပ်စု၊ တရုတ်မှော်ကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ နှစ်သီးစိုက် ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးကိစ္စရပ်များ၊ ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကွင်းယားကြီးကျေးရွာအုပ်စု၊ ဖိုးဖြူရေနှုတ်မြောင်းပြန်လည်တူးဖော်နိုင်ရေးအတွက် ဒေသခံတောင်သူများ၏ တင်ပြလာမှုအပေါ် ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ ကြပ်ကော်မတီဝင်များ၊ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ ကြပ်ကော်မတီဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ ကြပ်ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ လိုက်ပါကွင်းဆင်းပြီး မြို့နယ်အတွင်းသီးနှံများ တစ်သီး၊ နှစ်သီး၊ သုံးသီး စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ထပ်မံတိုးချဲ့စိုက်ပျိုးမည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)