ပုဏ္ဏားကျွန်း ဧပြီ ၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပညာပါရမီပရိယတ္တိစာသင်တိုက်၌ ကိမ်းဝပ်စံပယ် လျက်ရှိသော ရှေးရခိုင်ဘုရင်မင်းမြတ် နန်းတက်စဉ်က အဘိသေကမင်္ဂလာပွဲမှာ သစ္စာအဓိဌာန် ပြုပူဇော်ခဲ့သည့် ရာဇဘိသေက နန်းတက်မဟာကျိန်သစ္စာရှင် ဘုရားဆင်းထုတော် ဒေသစာ ရီကြွချီပူဇော်ခြင်းကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်ပူဇော်ခံယူလျက်ရှိသည်။
အဆိုပါ မဟာကျိန်သစ္စာရှင်ဘုရား ဆင်းထုတော်အား ပညာပါရီပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်ကြီး ဦးဆောင်ပြီး၊ တကာ/မများက မော်တော်ယာဉ်ဖြင့်ပင့်ဆောင်၍ ပညာပါရီပရိယတ္တစာသင်တိုက်မှစတင်ကာ မြို့တွင်းတစ်ပတ် ဒေသစာရီကြွရောက်ပူဇော် ခဲ့ကြရာ သဒ္ဒါကြည်လင်ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့က မိမိတို့ နေအိမ်ရှေ့လမ်းများ တစ်လျှောက်တွင် ကုသိုလ်ပြု ကြည်ညိုပူဇော်ခဲ့ကြကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)