လဲချား ဧပြီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် လူငယ်နှင့်အောင်မြင်မှု အသိပညာပေး(Talk Show)ကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးနှင့်စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်တို့မှ ကျောင်းသား/သူ လူငယ်များအသိပညာ ဗဟုသုတရရှိစေရန်အတွက် လူငယ်တို့ရဲ့ ဘဝအောင်မြင်မှုတွင် စာရိတ္တသည်အရေးကြီးကြောင်း၊ စာရိတ္တကောင်းမွန်စေရန် ပြုမူဆောင်ရွက်ရမည့် အပြုအမူများနှင့် ထားရှိရမည့်စိတ်ဓာတ်၊ စိတ်နေသဘောထားတို့ကို သိရှိနားလည် စေရန်စသည့်အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များ အသိပညာဖွံ့ဖြိုးတိုး တက်နိုင်စေရန်(Talk Show)ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်မှုများကို We Love Laikha Pageတွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)