ဒဂုံမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု​ကော်မတီမှ စံညီစာကြည့်တိုက်များဖွင့်လှစ်နိုင်ရေးစည်း​ဝေး​ဆောင်ရွက်

ဒဂုံ      ဧပြီ     ၇

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယ​မန်နေ့​နေ့လယ် ၂ နာရီက စာကြည့်တိုက်​ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတာဝန်​ပေးအပ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်​မေသန္တာက မြို့နယ်စာကြည့်တိုက်​ကော်မတီ ဖွဲ့စည်းတာဝန်​ပေးအပ်မှု၊ ဆောင်ရွက်သွားကြမည့်လုပ်ငန်းများ၊ ရည်ရွယ်ချက်များ၊ စံညီစာကြည့်တိုက်များပြန်လည်ရှင်သန်လာနိုင်​ရေးတို့ကို ​ဆွေး​နွေး​ပြောကြားခဲ့သည်။

ထို့​နောက် ဒဂုံမြို့နယ်စာကြည့်တိုက်​ကော်မတီဥက္ကဋ္ဌ ​ဒေါက်တာဦးနန္ဒကျော်စွာ(တရားလွှတ်တော်​ရှေ့နေ)က ရပ်ကွက်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီများဖွဲ့စည်းနိုင်​ရေး၊ စံညီစာကြည့်တိုက်များ ရပ်ကွက်များတွင်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဦးဥာဏ်ထွန်းဦး(သိပ္ပံနည်းပညာရှင်)က စာကြည့်တိုက်များအားပံ့ပိုးကူညီနိုင်​ရေး၊ မြို့နယ်ပညာ​ရေးမှူး​ဒေါ်ဝါဝါဦးက ​ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေး၊ ဒုမြို့နယ်အုပ်ချုပ်​ရေးမှူးဦးမင်းခန့်သွင်က စိတ်ပါဝင်စားသူများပါ ပါဝင်လာကြ​စေ​ရေးစသဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးနှင့် ပတ်သက်​သောအကြောင်းအရာများအား အသီးသီး​ဆွေး​​နွေးခဲ့ကြ​သည်။

ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးများ​ရေးရာဒုတိယဝန်ကြီးဦး​ဇော်​အေး​မောင်ကိုယ်စား ​ဒေါက်တာဦးနန္ဒ​ကျော်စွာက ရခိုင်တိုင်းရင်းသားအဘိဓာန်အပါအဝင် သုတစာအုပ်များအား ဒဂုံမြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လှူဒါန်း​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်