သတင်းများ

ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စုရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းဘေးဝဲယာရှိ ကုက္ကိုပင်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်း
Apr 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စုရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် လမ်းဘေးဝဲယာရှိ ကုက္ကိုပင်ကိုင်းခြောက်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ခေတ်အေးကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်ခဲ့သည်။
ရေဖြူမြို့နယ်၊ ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း-ဆယ်အိမ်စု (ကလိန်အောင်-ကံပေါက်သို့ဆက်သွယ်သည့်) ကျောက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင်ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Apr 07,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်လမ်း ပန်းဆက်သွယ်ရေးကဏ္ဍများကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိရာတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း-ဆယ်အိမ်စု(ကလိန်အောင်-ကံပေါက်သို့ ဆက်သွယ်သည့်) ကျောက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင်ကွန်ကရစ်ခင်း ခြင်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်းသိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Apr 07,2023
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် ရုံး၊ ဌာနများသို့ ငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြို့နယ်စာရင်းစစ်ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။ အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသစာအုပ်မျိုးစုံ (၅၀)ကျော်ကို ငှားရမ်းပေးခဲ့​ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ရွှေတီဂုံပုံတူအနှိုက်မဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၌အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ
Apr 07,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် တည်ထားကိုးကွယ်သည့် ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့် စေတီတော်မြတ်ကြီး၌   အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်အတွင်း အန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူ
Apr 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ်အတွင်း ယမန်နေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က အန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။
မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာတွင် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
Apr 07,2023
မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာ မိမိခြံဝိုင်းအတွင်း စိုက်ပျိုးထားရှိသော ထိုင်ဝမ်ပိန္နဲစိုက်ပျိုးထားရှိသော အပင်မှ ယခုနှစ် အသီးသီးနှုန်းကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၁၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်ခင်းဝင်ငွေတွက်ခြေကိုက်နေကြကြောင်း သိရသည်။
ပြင်ဉီးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာပေဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Apr 07,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ စာပေဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
သာပေါင်းမြို့နယ်၊ နှောကုန်းကွင်း၊ အိုင်ဝိုင်းအိုင် ပြုပြင်တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Apr 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်‌ချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၈၁၁)၊ နှောကုန်းကွင်း၊ အိုင်ဝိုင်းအိုင် ပြုပြင်တူးဖော်ခြင်းလုပ်ငန်းအား ယနေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။