ကျိုက်ဒုံ ဧပြီ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကျိုက်ဒုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် ဒေါ်ဝါဝါလင်း (ရုပ်သံကျွမ်းကျင်-၃)တို့မှ ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြည်သူများသတိပြုလိုက်နာရန်အချက်များ၊ မော်တော်ဆိုင်ကယ်အန္တရာယ်ကင်းရှင်းရေး(၁၀)ချက်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြု ဆင်ခြင်ရမည့်အချက်များ၊ ဥပဒေပုဒ်မများ၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစီမံချက် ထိရောက်အောင်မြင်ရေး အထောက်အကူဖြစ်စေမည့် ဦးစားပေးအစီအစဥ်များ စသည့်အကြောင်းအရာများအား အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်