သတင်းများ

မင်းလှမြို့နယ်တွင် နွေစပါးဧက ၁၀၉၆၄ စိုက်ပျိုးပြီးစီး
Apr 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့်မုက္ခာဆည်တို့မှ ရရှိသောစိုက်ပျိုးရေဖြင့် နွေစပါးစိုက်ပျိုးခြင်း လျာထားချက်ဧက ၁၀၉၆၄ ရှိရာ လျာထားချက်ပြည့်မှီအောင်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ဆေးဝါးနှင့် အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ဆေးဆိုင်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းအသိပညာပေး
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသုံး တတ်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၈ နာရီက မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ ဆေးဝါးနှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များသို့
မြို့သစ်မြို့နယ်တွင် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
မဟာအောင်မြေမြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းမှ စာအုပ်များ လှူဒါန်းပေး
Apr 06,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန စာကြည့်တိုက်နှင့် ရပ်ကွက်များရှိ စာကြည့်တိုက်များ၊ မြို့နယ်အတွင်းရှိ (ထက်၊လယ်၊မူ) အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် စာအုပ်များ ထပ်ဆင့်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာ‌အောင်မြေမြို့နယ် Community Centre ခန်းမ၌ ပေးအပ် လှူဒါန်းခဲ့သည်။
လှိုင်းဘွဲမြို့နယ် အထက်ပိန္နဲတောကျေးရွာတွင် စုပေါင်းရဟန်းခံ၊ရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ
Apr 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာအုပ်စု၊ အထက်ပိန္နဲတောကျေးရွာတွင် စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထက်ပိန္နဲတောကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
လိပ်သိုမြို့ အလယ်ချောင်း(အထက်)ကျေးရွာတွင်  အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်
Apr 06,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အလယ်ချောင်း(အထက်) ကျေးရွာ၌အသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်  ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က အလယ်ချောင်း(အထက်) ကျေးရွာ ဆေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူများအား စားအုံးဆီ တစ်ပိဿာလျှင် ၄၉၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေး
Apr 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ၌ ပြည်သူများ စျေးနှုန်းသက်သာစွာ ဆီဝယ်ယူနိုင်ရေးအတွက် နေပြည်တော်ဆီလုပ်ငန်းရှင်များအသင်းမှ  ယနေ့နံနက်ပိုင်းက ဆီများရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ပုဏ္ဏားကျွန်းမြို့)၌ အခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီ သင်တန်းများဆင်းပွဲ ကျင်းပ
Apr 06,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီသင်တန်းများဆင်းပွဲကို ယနေ့၊ နံနက်(၉)နာရီက  အဆိုပါမြို့နယ်ရုံး၏ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။