သတင်းများ

တွံတေးမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Apr 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲအား ဧပြီ ၁၃ ရက်နေ့မှ စတင်ကာ ဧပြီ ၁၆ ရက်နေ့အထိ ယိမ်းအကအလှများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ရေကစားလာပြည်သူများအား စတုဒီတာမုန့်ကျွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့ စည်ပင်သာယာစျေး၌ မယ်ညိုငရုတ်သီးစိမ်းများ စျေးကောင်းရ၍စိုက်ပျိုးသူများလာ
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်သီးစျေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ
Apr 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများနှင့် စာ‌ဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အုန်းသီးမုန့်ဖက်ထုပ် ဝယ်ယူစားသုံးသူများပြားသဖြင့် ပြုလုပ်ရောင်းချသူများအဆင်ပြေ
Apr 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့သည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် မြို့တစ် ဖြစ်ပြီး ရိုးရာအစားအစာများကို တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလေ့ရှိကြရာ အုန်းသီးမုန့်ဖက်ထုပ် တစ်ပိုင်တစ်နိုင်ပြုလုပ် ရောင်းချသူများ ရောင်းအားကောင်းသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် သင်္ကြန်ကာလအကြို ရေချမ်းအိုးများ ရောင်းအားကောင်း
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် နှစ်ဦးသင်္ကြန်ကာလအကြို၌ ရေချမ်းအိုးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
တွန်းဇံမြို့ လူထုအခြေပြုဗဟိုဌာန၌ စွန့်ပစ်အမှိုက် ကော်ဖီမစ်အခွံများဖြင့် ဖျာယက်လုပ်နည်း သင်တန်းဖွင့်လှစ်
Apr 06,2023
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အားလပ်ရက်များတွင် မိသားစုအကျိုးစီးပွား တစ်ပိုင်တစ်နိုင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အမျိုးသမီးများ အိမ်တွင်းလက်မှုပညာ ကော်ဖီမစ် အခွံများဖြင့် ဖျာယက်လုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန၌ ပြုလုပ်သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Apr 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းဆင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့၌ "လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူ" ခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်
Apr 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က" လေထုညစ်ညမ်းမှုနှင့်မီးခိုးမြူ" ခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။