စလင်း ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မ စလင်းစျေးနှင့်ဆင်ဖြူကျွန်း စည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်ကြီးများနှင့် မုန့်ဆိုင်များအား ကန့်သတ်ထားသည့် ပစ္စည်း ဓာတုဗေဒဆိုးဆေးများပါသည့် ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများအား စျေးကွက်အတွင်းရောင်းချခြင်း ရှိ/ မရှိ အရှိန်အဟုန်မြှင့်၍ ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များက ကွင်းဆင်းစစ်ဆေးခြင်း များကို ယမန်နေ့ နံနက် (၈) နာရီအချိန်က သက်ဆိုင်ရာ စလင်းမြို့မစျေးနှင့် ဆင်ဖြူကျွန်းစျေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရောင်းချလျက်ရှိသော ကုန်ုစုံဆိုင်၊ မုန့်ဆိုင်များအား ကန့်သတ်ကုန်ပစ္စည်း ဓာတုဗေဒဆိုးဆေးများပါသော ကုန်ပစ္စည်းများနှင့် မုန့်ဆိုင်များတွင် ရောင်းချလျက်ရှိ သော ကုန်ပစ္စည်းမုန့်တို့တွင် ရက်လွန် သက်တမ်းလွန်မုန့်များ ရောင်းချလျက်ရှိကြောင်း သိရှိရ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနများ၏ ညွှန်ကြားချက်များအရ ကွင်းဆင်း ကြည့်ရှု စစ်ဆေးလုပ်ဆောင်ရန် ညွှန်ကြားချက်များအရ ( ၃-၄-၂၀၂၃ မှ ၆-၄-၂၀၂၃ ) ရက်အတွင်း ဆောင်ရွက်ရန်ညွှန်ကြားလာသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က စျေးကွက်အတွင်းရောင်းချလျက်ရှိသည့် မုန့်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ဓာတုဗေဒဆေးများနှင့် ရောစပ်ကာရောင်းချသည့် ကုန်ပစ္စည်းများ၊ မုန့်ဆိုင်များ၌ ရောင်းချလျက်ရှိသည့် မုန့်များအား သတ်မှကာလ၏ ရက်လွန်သက်တမ်းလွန် မုန့်များအား မရောင်းချရန်နှင့် ရောင်းချသည့်ကုန်ပစ္စည်းတိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၏ ခွင့်ပြုချက်များဖြစ်သည့် အမှတ်အသား၊ အလေးချိန်၊ အရွယ်အား၊ ထုတ်လုပ်သည့်နေရာ၊ ထုတ်ပိုးသည့်အချိန်၊ သတ်မှတ်ကာလရက်မလွန်၊ ရက်လွန်သိရှိအောင်ပါရှိရမည့်အချက်များနှင့် ကုန်ပစ္စည်းများရောင်းချရာ၌ ဓာတုဗေဒဆိုးဆေးများ သတ်မှတ်ထားသည့် အထက်ပါ ဖော်ပြချက်များပါရှိမှုရှိမှု ရှိ/မရှိနှင့် ရောင်းချသည့်ကုန်ပစ္စည်းများတွင် ကုန်ပစ္စည်းတန်ဖိုးထက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်နှင့် တာဝန်ခံ ဦးသီဟဝင်းတို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အရှိန်အဟုန်မြှင့်ကာ စျေးကွက်အတွင်းရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်၊စလင်းမြို့