ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ် သမားများ၏ အခွင့်အရေးများအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ပုလော ဧပြီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားများ၏ အခွင့်အရေးများအကြောင်း  အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဧပြီလ  ၅  ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင်  မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်သတ်မှတ်ချက်များနှင့် နိုင်ငံတကာကလေးအလုပ်သမားများ၏ ရပိုင်ခွင့်နှင့်ဥပဒေများ အကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်အေမီလှိုင်က ကလေးအလုပ်သမားများ၏ အခွင့်အရေးများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်သတ်မှတ်ချက်အပေါ် ပြန်လည်တုံ့ပြန် နိုင်သည့် အခွင့်အရေးများနှင့် ကလေးအလုပ်သမားများကို ကာကွယ်နိုင်ရေး အလုပ်ရှင်များ၏ တုံ့ပြန်ချက်များကို စိစစ်ခြင်းနှင့်ပတ်သက်၍ ဗဟုသုတရရှိစေရေး  ဆွေးနွေးခဲ့သည်။

ပုလောမြိုန့ယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် အသိပညာပေး  Talk Show အစီအစဉ်များကို   Online မှတဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)