ကျောက်တံခါးမြို့နယ်တွင် အရင်းအနှီးနည်းနည်းဖြင့် မိသားစုအပိုဝင်ငွေရရှိနိုင်မည့် တိုင်းရင်းကြက်များအား မွေးမြူနိုင်ရေး ဖြန့်ဝေပေး
Apr 07,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အရင်းအနှီးနည်းနည်းဖြင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးပွားလာစေနိုင်သော တိုင်းရင်းကြက်မွေးမြူရေးအား စိတ်ပါဝင်စားစွာဖြင့် မွေးမြူလာစေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ အစီအစဉ်ဖြင့် ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများအား တိုင်းရင်းကြက်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။