ကျောင်းကုန်း ဧပြီ ၆
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်ဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယမန်နေ့နံနက် ၉း၃၀ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့နယ် ဗဟိုမဏ္ဍပ်၌ မြို့ပေါ်(၅)ရပ်ကွက်မှ (၅)ယိမ်းနှင့် ပညာရေးဌာနမှ (၃)ယိမ်း၊ စုစုပေါင်း (၈)ယိမ်း အဆိုတော်များမှ တေးသီချင်းများဖြင့် သီဆိုကပြကြမည်ဖြစ်ပြီး၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည်။
ထို့ပြင် နှစ်ဆန်း(၁)ရက်နေ့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)