စလင်း ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များနှင့်အလှကုန်ဆိုင်၊ လ္ဘက်ရည်ဆိုင်များတွင် ရက်လွန်ဆေးဝါးများနှင့် အစားအသောက်မုန့်များအား စလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ညွှန်ကြားမှုဖြင့် ဆေးဆိုင်များတွင် တရားမဝင်ရောင်းချလျက်ရှိသည့် ဆေးဝါးကို စျေးကွက်အတွင်း တင်သွင်းရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဆန်းလင်းမောင်၊ ဦးသီဟဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စလင်းမြို့အတွင်းရှိ ပေါင်းနားရပ်ကွက် ရွှေစင်ဆေးဆိုင်၊ ရောင်စဉ်ဆေးဆိုင်၊ ငွေပဒေသာဆေးဆိုင်၊ ဇီဝိတဆေးဆိုင်နှင့်စျေးမရပ်ကွက် ပစ်တိုင်ထောင်ဆေးဆိုင်၊ ရတနာစိုးကုန်စုံဆိုင် အလှကုန်ဆိုင်၊ လက်ရွေးစင်လ္ဘက်ရည် ဆိုင်၊ ပေါင်းနားရပ်ကွက်၊ ပုထိုးဖြူရပ်ကွက်ရှိ ဖိုးသားကြီးလ္ဘက်ရည်ဆိုင်တို့တွင် ရောင်းချလျက်ရှိသည့် အစားအသောက်နှင့်မုန့်များအား ရက်လွန် ဓာတုဆေးဝါးများပါရှိမှုနှင့် ရောင်းချသည့်ပစ္စည်းများတွင် အမှတ်တံဆိပ်အပြည့်အစုံပါရှိမှု ရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးရာ၌ တရားမဝင်ရောင်းချမှု မရှိစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် လိုက်လံကွင်းဆင်း စစ်ဆေးရခြင်းဖြစ်ပြီး တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူခံ ရမည်ဖြစ်ကြောင်း မရောင်းချရန် စားသုံးသူရေးရာဦးသီးဌာန တာဝန်ခံ ဦးဆန်းလင်းမောင်က အသိပညာပေးပြောကြား ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)