ကျောက်တံခါး ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အရင်းအနှီးနည်းနည်းဖြင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးပွားလာစေနိုင်သော တိုင်းရင်းကြက်မွေးမြူရေးအား စိတ်ပါဝင်စားစွာဖြင့် မွေးမြူလာစေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ အစီအစဉ်ဖြင့် ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများအား တိုင်းရင်းကြက်များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းနုလွင်က တိုင်းရင်းကြက်များ ဖြန့်ဝေပေးခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက တိုင်းရင်းကြက်များအားပေးအပ်ရာ တိုင်းရင်းကြက်မွေးမြူမည့် ကျေးလက်နေပြည်သူများက လက်ခံရယူပြီးနောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အပူဒဏ်ခံကြက်လည်လိမ်မျက်စင်းဆေးအား ခပ်နှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)