ငပလီ ဧပြီ ၇
သင်္ကြန်ပွဲတော်နီးကပ်လာသည်နှင့်အမျှငပလီကမ်းခြေတွင် လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ယခင်နှစ်ထက်များပြားသည်ဟု သိရသည်။
လက်ရှိတွင် ငပလီကမ်းခြေတွင် ပြည်တွင်းပြည်ပခရီးသွားများ ဖြင့်အထူးစည်ကားလျက်ရှိပြီး ကမ်းခြေရှိ ဟိုတယ်နှင့်တည်းခိုခန်းအများစုမှာလည်း သင်္ကြန်ကာလအတွင်း အခန်းဘိုကင်များပြည့်နေပြီဖြစ် သည်ဟု ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
“ဟိုတယ်အကုန်လုံးက ဘိုကင်တွေပြည့်နေပြီ။ တည်းခိုခန်းတွေလည်း ဘိုကင်တွေ ပြည့်နေပြီဆိုတော့ ယခင်နှစ်သင်္ကြန်ကာလထက် ခရီးသည်များမှာသေချာတယ်” ၎င်းကဆိုသည်။
လက်ရှိတွင် လာရောက်လည်ပတ်ကြသူအများစုမှာ ပြည်တွင်းခရီးသွားများဖြစ်ကြောင်း၊ ဧည့်သည်ဝင်ရောက်မှုများသဖြင့် ငပလီကမ်းခြေတွင် အထူးစည်ကားလျက်ရှိပြီး ကမ်းခြေတွင် ဈေးရောင်းသူများလည်း အဆင်ပြေကြောင်း ငပလီအမှတ်တရပစ္စည်းများ ရောင်းချသူတစ်ဦးက ပြောသည်။
ယခုနှစ်တွင် ငပလီမြို့တွင် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ခရီးသွားများဖြင့် အထူးစည်ကားမည်ဖြစ်ပြီး ရက်ရှည်ရုံးပိတ်ရက်ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်အနားယူ ကြမည့် ဝန်ထမ်းများဖြင့်လည်း ပိုမိုများပြားနိုင်ကြောင်း သိရသည်။
ငပလီ(ပြန်/ဆက်)