ကျွန်းလှ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ နွေရာသီ အားလပ်ရက် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် အားကစားများ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သင်တန်းဆင်းလက်မှတ်နှင့် အားကစား ပစ္စည်းများ၊ အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ပြီး သင်တန်း သား၊ သင်တန်းသူများက အားကစားနည်းအလိုက် သရုပ်ပြသကြ သည်။
အဆိုပါ အားကစားနည်းငါးမျိုး သင်တန်းတွင် သင်တန်းသား ၃၅ ဦး၊ သင်တန်းသူ ၃၅ ဦး၊ စုစုပေါင်း ၇၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက် ၂၀ ကြာဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ