ညောင်တုန်းမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်တုန်း ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုခင်က ဦးစီးဌာန၏ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ၊ အားကစား၏ အဓိပ္ပါယ်နှင့် အားကစား ဆိုင်ရာသိကောင်းစရာများ၊ အားကစားနှင့် ကာယပညာ သိပ္ပံ‌ တက်ရောက်ရန်အတွက် ရှိရမည့်အရည်အချင်းများ၊ ရရှိနိုင်သည့် အကျိုးကျေးဇူးများစသည့် အားကစားဆိုင်ရာ အကြောင်း များကို  အသိပညာပေး ဟောပြောဆွေးနွေးပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များများဖြင့် စာအုပ်ပြပွဲကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှု မှတ်သားခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)