ပေါင်းတည် ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးကြိုနွေစပါးစိုက်ကွင်းများ၌ ထွန်ယက်စိုက်ပျိုးပြီးစီးမှု နှင့် ဖြစ်ထွန်းအောင်မြင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် နွေစပါးစိုက်ဧက ၂၂၇၂၁ ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပြီးနောက် နွေစပါးထုတ်လုပ်မှုမြင့်မားရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆက်လက်အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကဘိုးသာအောင်ကုန်းကျေးရွာနှင့် နတ်ပုတီးကျေးရွာများရှိ နွေစပါး စိုက်ပျိုးပြီးစီးမှုကို အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးအောင်မျိုးမင်းနှင့် သက်ဆိုင်ရာစိုက်ပျိုးရေးကြီးကြပ် ဝန်ထမ်းများလိုက်ပါလျက် နွေစပါးစိုက်တောင်သူများ၏ စိုက်ခင်း အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက် )