အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၆ )ကြိမ်မြောက် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ

မော်လမြိုင် ဧပြီ ၇

၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  (၂၆ )ကြိမ်မြောက်ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းပေါင်းစုံမှ  ကျောင်းသား/ကျောင်းသူများ၏ (၂၆ ) ကြိမ်မြောက် ကွန်ပျူတာပန်းချီပြိုင်ပွဲကို အလယ်တန်းနှင့် အထက်တန်းအဆင့် ကွန်ပျုတာပန်းချီပြိုင်ပွဲ၀င်(၉)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုရရှိသူများအား ထိုက်ထိုက်တန်တန် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာ၀န်ရှိသူတစ်ဉီးထံမှ သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်