ရပ်စောက် ဧပြီ ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစီုင်းသော်ဝင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဧပြီ(၆)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးကပေးအပ်ရာ ဆေးရုံဆရာဝန် ဒေါက်တာစန်းယုကိုကိုမှ လက်ခံရယူသည်။
ဆက်လက်၍ ရပ်စောက်မြို့၊ မြို့မဈေးတွင်ဒေသခံပြည်သူများ စည်ကားစွာရောင်းဝယ်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များက လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရပ်စောက်မြို့ ရဿဝတီခန်းမတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)မှ ဒေသဆိုင်ရာအချက် အလက်များရှင်းလင်းတင်ပြပြီး ရပ်မိ၊ ရပ်ဖ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများမှ ဒေသလိုအပ်ချက်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြချက်များအပေါ် လုပ်ငန်းကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ရပ်စောက်မြို့နယ် ဗထူးတပ်နယ်အတွင်းရှိ ပိန်းချောင်းဆည် ရေထုတ်ပြွန်တည်ဆောက်နေမှု၊ ရေကျော်(Spillway)မြှင့်တင်နေမှုနှင့် ကန်ပေါင်ကျောက်ကြီးစီခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရပ်စောက်မြို့၊ ပွင့်ကောင်းနှင့်ခင်နွဲ့ရီကုမ္ပဏီလီမိတက်မှ စိုက်ပျိုးထားသော ကော်ဖီခြံအားသွားရောက်ကြည့်ရှုရာ ခြံတာဝန်ရှိသူတစ်ဦးမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ကော်ဖီခြံအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)