သတင်းများ

မြင်းခြံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအတွက် နွေရာသီ အားလပ်ရပ်အတွင်းအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အဆိုပါရုံး (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်တွင် မွေးကင်းစမှအသက်(၁)ခွဲအထိ ကလေးများနှင့်ကိုယ်ဝန်ဆောင် မိခင်လောင်းများ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Apr 04,2023
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်၊ ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား လစဉ်ပှံမှန်ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့၌ အရန်သားဖွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 04,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော အရန်သားဖွားသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက်(၁၀)နာရီချိန်က ကမမောင်း မြို့ကျေးလက်ကျန်းမာရေးဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရွှေကြက်ယက်ကျေးရွာ၌လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှအသိပညာပေးဟောပြောပွဲပြုလုပ်
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ ငါးဆူဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် ၁၁ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ကိုကိုမျိုးကလူကုန်ကူးမှု တာဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Apr 04,2023
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ခါသင်္ကြန်အကြောင်းသိကောင်းစရာဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်စေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သည့်၊ မြို့နယ်အဆင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို၊ ဧပြီ(၄)ရက်နေ့ နံနက်(၈)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Apr 04,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ မောင်မြင့်ကြည်(စာပေဗိမာန်)၏ အောင်မြင်သော စကားလက္ခဏာများ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ညောင်ဦးမြို့နယ် ပိုင်ထန်းတဲတွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်နည်းနှင့် ပညာပေးဟောပြော
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ရွှေလှိုင်းကျေးရွာရှိ " ပိုင် "ထန်းတဲတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟော ပြောပို့ချခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး တိုက်လေ့ကျင့်ပြုလုပ်