သတင်းများ

သံတောင်ကြီးဒေသတွင် နနွင်းများအထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းကျဆင်း
Apr 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက် ရှိရာ ယခုနှစ်ပိုင်း၌ အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ပြီး ယခုနှစ်တွင် နနွင်းများ အထွက်နှုန်း ကောင်းသော်လည်း ဧပြီလ ပထမပတ်တွင် နနွင်းခြောက်များ ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ ပုံတူပန်းချီ​ရေးဆွဲနည်းပြိုင်ပွဲ ကျင်းပ
Apr 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကလေးငယ်များ ဖိတ်ခေါ်၍ ပုံတူပန်းချီရေးဆွဲနည်းပြိုင်ပွဲ ပြုလုပ်‌ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
မိုးမိတ်မြို့နယ်တွင် Community Centre ၌ အင်္ဂလိပ်စာ(Grammar)သင်တန်းဖွင့်လှစ်
Apr 04,2023
ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်ပြည်သူ့ဗဟိုပြု Community Centre ၌ အင်္ဂလိပ်စာ (Grammar) သင်တန်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Apr 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား/ သူလူငယ်လေးများ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 04,2023
မကွေးတိုင်းဒေကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များနှင့်စာဖတ်ဝိုင်းဆွေးနွေးကျင်းပ
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အသင်းနှင့်ကျောင်းသား လူငယ်များပူးပေါင်း၍စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် စာဖတ်ရှိန်မြှင့်တင်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီခွဲအချိန်က ရမည်းသင်းခရိုင် ပြန်/ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌  ကျင်းပပြုလုပ်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ငွေပေးအပ်
Apr 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ပင်းတယမြို့၌ မြန်မာ့ရိုးရာယဥ်​ကျေးမှု မဟာအတာသင်္ကြန်ပွဲ​တော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်​ရေး လုင်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ
Apr 04,2023
ရှမ်းပြည်နယ်​(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့နယ်၌ မြန်မာ့ရိုးရာယဥ်​ကျေးမှု မဟာအတာသင်္ကြန်ပွဲ​တော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်​ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့နံနက် ၁၀ နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသစီမံအုပ်ချုပ်​ရေးအဖွဲ့ရုံး အစည်းအ​ဝေးခန်းမ ၂ တွင် ကျင်းပပြုလုပ်သည်။