ချောက်မြို့နယ်အတွင်း နွေနှမ်းစိုက်ပျိုး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်
Apr 06,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံပိုမို ထွက်ရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင် ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများမှ တာဝန်ရှိသူများက စလေဥမင်ကိုးပေါက်လျှပ်စစ်မြစ်ရေတင်ဖြင့် နွေနှမ်းစိုက်ပျိုးမှု အခြေအနေ များကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။