ညောင်ဦးမြို့နယ် ပိုင်ထန်းတဲတွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်နည်းနှင့် ပညာပေးဟောပြော

ညောင်ဦး ဧပြီ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ရွှေလှိုင်းကျေးရွာရှိ " ပိုင် "ထန်းတဲတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟော ပြောပို့ချခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး တိုက်လေ့ကျင့်ပြုလုပ်ခြင်းကို ဧပြီ ၄ ရက်၊ နံနက် ၁၀ နာရီအချိန်က မီးငြိမ်းသတ် နည်းလက်တွေ့ပြုလုပ်ခြင်းနှင့် ပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောသရုပ်ပြပွဲအား ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ပြီး အခမ်းအနားသို့ "  ပိုင် " ထန်းတဲရှိ ဝန်ထမ်း ၃၀ ဦးခန့်နှင့် ခရီးသွားပြည်သူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက် ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ဒီပါလင်းဦးဝင်းထိန်၊ ညောင်ဦးခရိုင် ပြန်/ဆက်