မြင်းခြံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

မြင်းခြံ ဧပြီ ၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအတွက် နွေရာသီ အားလပ်ရပ်အတွင်းအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က အဆိုပါရုံး (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

"နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသား/သူများအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန် အတွက် မတ်လ (၂၈) ရက်နေ့ကနေ ဧပြီလ (၁) ရက်နေ့အထိ (၅) ရက်ကြာ သင်တန်းဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ သင်တန်းတက်ရောက်ပြီး ကျောင်းသား/သူများ သင်ယူတက်မြောက်ထား တဲ့ အသိပညာတွေကို ပြန်လည်အသုံးချနိုင်စေရန်အတွက် ယခုလို စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်" ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၀) ဦးဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဧပြီလ (၄) ရက်နေ့တွင် ဆုချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ကျော်စွာ(မြင်းခြံ)