မန္တလေး ဧပြီ ၄
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ခါသင်္ကြန်အကြောင်းသိကောင်းစရာဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲ (Talk Show)ကို မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးတို့က ဦးဆောင်ဆွေးနွေးကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ကာလတွင် အတာရေပက်ဖျန်းခြင်း၊ ကုသိုလ်ကောင်းမှုဆောက်တည်ခြင်း၊ သက်ကြီးရွယ်အိုဘိုးဘွားများ ကို ပူဇော်ကန်တော့ခြင်း၊ လူငယ်များအနေဖြင့် သရုပ်ပျက်ယဉ်ကျေးမှုများကို ဆန့်ကျင်ခြင်း၊ အရက်သေစာသောက်စားမူးယစ်ခြင်း၊ မိမိယဉ်ကျေးမှုနှင့်လိုက်လျော ညီထွေခြင်းမရှိသည့် သရုပ် ပျက်ဝတ်စားဆင်ယဉ်မှု၊ မူးယစ်ရမ်းကားမှု၊ ပြောဆိုနေထိုင်မှုများကို ရှောင်ကျဉ်ရမည့် အကြောင်း များ၊ ခေတ်အဆက်ဆက် မန္တလေးသင်္ကြန်၏ ယဉ်ကျေးမှု၊ စည်ကားမှုများ၊၂၀၂၃ခုနှစ်တွင် ကျရောက်မည့် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ကျုံးပတ်ပတ်လည် ဧည့်ခံဖျော်ဖြေ ရေးနှင့်စတုဒီသာကျွေးမွေးရေးဆောင်ရွက်နေမှုများ၊ ခါသင်္ကြန်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လူငယ်မောင်မယ်များက အမြတ်တနိုး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရန် အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)