တံတားဦးမြို့နယ်တွင် မွေးကင်းစမှအသက်(၁)ခွဲအထိ ကလေးများနှင့်ကိုယ်ဝန်ဆောင် မိခင်လောင်းများ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

တံတားဦး ဧပြီ ၄

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်၊ ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား လစဉ်ပှံမှန်ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးခြင်းကို  ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင် မွေးကင်းစမှ အသက်((၁)နှစ်ခွဲအထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊  အသည်းရောင် အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေး(၉)မျိုး  တို့ကိုထိုးနှံပေးပြီး ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြေကြောင်း သိရသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို  မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ပေးကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

 ဦးရဲတင့်(ပြန်/ဆက်)